မဿဲ 22:20-26 BCL

20 ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည် သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု မေး​တော်​မူ​၏။

21 သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

22 ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။

23 ထို​နေ့​၌​ပင်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​လာ​ကြ​၏။ သူ​တို့​က​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ​ဟု​ခံ​ယူ​ယုံ ကြည်​ကြ​သူ​များ​ဖြစ်​၏။-

24 သူ​တို့​က ``ဆ​ရာ​တော်၊ လူ​တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင်​သူ​၏ မု​ဆိုး​မ​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ မည်။ ရ​သော​သား​သ​မီး​များ​အား​ဖြင့်​အစ်​ကို ၏​အ​မျိုး​ကို​မ​ပြတ်​စေ​ရ​ဟု​မော​ရှေ​မိန့်​မှာ ခဲ့​ပါ​၏။-

25 အကျွန်ုပ်​တို့​တွင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​ပြီး​နောက်​သေ​ဆုံး သွား​ပါ​၏။ သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ဇနီး​ကို ညီ​ဖြစ်​သူ​က​ဆက်​ခံ​ခဲ့​ပါ​၏။-

26 ဒု​တိ​ယ​ညီ၊ တ​တိ​ယ​ညီ​စ​သည်​ဖြင့်​ညီ​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​ပင်​ထို​အ​မျိုး​သ​မီး​နှင့်​စုံ ဖက်​ပြီး​နောက်​သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​ကြ ပါ​၏။-