မဿဲ 23:15-21 BCL

15 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။''

16 ``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။-

17 လူ​မိုက်​တို့၊ သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည် တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ သ​နည်း။ ရွှေ​လော။ သို့​မ​ဟုတ်​ရွှေ​ကို​မြင့်​မြတ် သန့်​ရှင်း​စေ​သည့်​ဗိ​မာန်​တော်​လော။-

18 လူ​တစ်​စုံ​တစ်​ယောက်​သည်​ယဇ်​ပလ္လင်​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​ထို​ကျိန်​ဆို​ချက်​သည်​အ​တည် မ​ဖြစ်။ ယဇ်​ပလ္လင်​ပေါ်​ရှိ​ပူ​ဇော်​သကာ​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင် တို့​ဆို​ကြ​၏။-

19 သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည်​တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ​သ​နည်း။ ပူ​ဇော်​သကာ​လော။ သို့​မ​ဟုတ်​ပူ​ဇော်​သ​ကာ​ကို မြင့်​မြတ်​သန့်​ရှင်း​စေ​သည့်​ယဇ်​ပလ္လင်​လော။-

20 ယဇ်​ပလ္လင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ယဇ်​ပလ္လင် နှင့်​တ​ကွ​ယဇ်​ပလ္လင်​ပေါ်​မှာ​ရှိ​သ​မျှ​တို့​ကို​ပါ တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-

21 ဗိ​မာန်​တော်​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည်​ဗိ​မာန် တော်​နှင့်​တ​ကွ​ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ သော​အရှင်​ကို​ပါ​တိုင်​တည်​၍​ကျိန်​ဆို​သ​တည်း။-