မဿဲ 23:28-34 BCL

28 ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။''

29 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပ​ရော​ဖက်​များ​၏​သင်္ချိုင်း​ဂူ​များ​ကို​တည်​ဆောက် ပေး​ကြ​၏။ သူ​တော်​ကောင်း​တို့​၏​သင်္ချိုင်း​ဂူ​များ​ကို မွမ်း​မံ​ခြယ်​လှယ်​ပေး​ကြ​၏။-

30 ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။-

31 သို့​ဖြစ်​၍​သင်​တို့​သည်​ပ​ရော​ဖက်​များ​ကို​သတ် ဖြတ်​သူ​တို့​၏​သား​မြေး​များ​ဖြစ်​ကြောင်း​ဝန်​ခံ ကြ​လေ​ပြီ​တ​ကား။-

32 သင်​တို့​၏​ဘိုး​ဘေး​များ​စ​တင်​ကူး​လွန်​ခဲ့​သည့် အ​ပြစ်​ကို​အ​ပြီး​တိုင်​အောင်​ဆက်​လက်​ကူး​လွန် ကြ​လော့။-

33 အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။-

34 သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။-