မဿဲ 23:9-15 BCL

9 ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။-

10 သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။-

11 သင်​တို့​အ​နက်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-

12 မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နိမ့်​ကျ​ရ​လိမ့် မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။

13 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

14 (``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'')

15 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။''