မဿဲ 24:33-39 BCL

33 ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး​တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-

34 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ယ​ခု​အ​သက်​ရှင် လျက်​ရှိ​သူ​တို့​မ​သေ​လွန်​မီ​ဖြစ်​ပျက်​လာ​လိမ့်​မည်။-

35 ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

36 ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် မည့်​နေ့​ရက်​နှင့်​အ​ချိန်​နာ​ရီ​ကို​ခ​မည်း​တော်​မှ တစ်​ပါး​အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော် လည်း​မ​သိ။-

37 နော​ဧ​လက်​ထက်​က​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ​သား ကြွ​လာ​သော​အ​ခါ​၌​လည်း​ဖြစ်​ပျက်​လိမ့်​မည်။-

38 ထို​နေ့​ရက်​ကာ​လ​၌​ရေ​မ​လွှမ်း​မိုး​မီ၊ သင်္ဘော​ထဲ သို့​နော​ဧ​ဝင်​သည့်​နေ့​တိုင်​အောင်​လူ​တို့​သည်​စား လျက်​ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ကြ​၏။-

39 သူ​တို့​သည်​ရေ​လွှမ်း​မိုး​၍​သေ​ကြေ​ပျက်​စီး​ကြ သည့်​အ​ချိန်​တိုင်​အောင်​သ​တိ​မဲ့​လျက်​နေ​ကြ​၏။ လူ​သား​ကြွ​လာ​တော်​မူ​ချိန်​၌​လည်း​ထို​နည်း​တူ ဖြစ်​လိမ့်​မည်။-