မဿဲ 26:50-56 BCL

50 သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။-

51 ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။-

52 သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-

53 ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-

54 သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။

55 ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။-

56 သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။