မဿဲ 26:65-71 BCL

65 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။-

66 အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။

67 ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊-

68 ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။

69 ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။

70 သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။-

71 အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။