မဿဲ 28:17-20 BCL

17 သူ​တို့​သည်​ကိုယ်​တော်​ကို​တွေ့​မြင်​သော​အ​ခါ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​အ​နက် အ​ချို့​သော​သူ​တို့​သည်​ယုံ​မှား​သံ​သ​ယ​ဖြစ် ကြ​၏။-

18 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-

19 သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-

20 သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။