မဿဲ 3:13-17 BCL

13 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ရန်​ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​သို့​ကြွ​လာ​တော်​မူ​၏။-

14 သို့​ရာ​တွင်​ယော​ဟန်​က ``အ​ကျွန်ုပ်​သည်​အ​ရှင်​၏ ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​သင့်​သူ​ဖြစ်​ပါ လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​ကြွ​လာ​တော် မူ​ပါ​သ​လော'' ဟု​ဆို​၍​ဆီး​တား​လေ​၏။

15 သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။

16 သ​ခင်​ယေ​ရှု​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ပြီး​လျှင်​ပြီး ချင်း ရေ​မှ​တက်​တော်​မူ​သော​အ​ခါ၊ မိုး​ကောင်း​ကင် သည်​ကိုယ်​တော်​ရှင်​အ​တွက်​ကွဲ​ဟ​လျက် ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​တော်​မူ​သည်​ကို​မြင် တော်​မူ​၏။-

17 ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။