1-2 ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
3 ပရောဖက်ဟေရှာယက၊`` `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင် ပြုကြလော့' ဟုတောကန္တာရ၌လူတစ်ယောက်ကြွေးကြော်လျက်နေ၏''ဟူ၍ဖော်ပြရာ၌ယောဟန်ကိုပင်ဆိုလိုသတည်း။
4 ယောဟန်သည်ကုလားအုတ်မွေးအဝတ်ကြမ်းကို ဝတ်၍ သားရေခါးပန်းကြိုးကိုစည်းထား၏။ သူ ၏အစားအစာမှာကျိုင်းကောင်နှင့်ပျားရည်ဖြစ်၏။-
5 ယေရုရှလင်မြို့သူမြို့သားတို့သည်လည်းကောင်း၊ ယုဒပြည်တစ်ပြည်လုံးနှင့်ယော်ဒန်မြစ်ဝှမ်းဒေသ မှလူအပေါင်းတို့သည်လည်းကောင်းယောဟန်ထံ သို့လာကြ၏။-