မဿဲ 3:1-2-8 BCL

1-2 ထို​အ​ခါ​ကာ​လ​၌​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည် ``နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ တော်​တည်​လု​နီး​ပြီ'' ဟု​ယု​ဒ​တော​ကန္တာ​ရ​၌ ဟော​ပြော​လျက်​ပေါ်​ထွန်း​လာ​၏။-

3 ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊`` `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင် ပြု​ကြ​လော့' ဟုတော​ကန္တာ​ရ​၌​လူ​တစ်​ယောက်​ကြွေး​ကြော်​လျက်​နေ​၏''ဟူ​၍​ဖော်​ပြ​ရာ​၌​ယော​ဟန်​ကို​ပင်​ဆို​လို​သ​တည်း။

4 ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။-

5 ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​ဒေ​သ မှ​လူ​အ​ပေါင်း​တို့​သည်​လည်း​ကောင်း​ယော​ဟန်​ထံ သို့​လာ​ကြ​၏။-

6 သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ ဝန်​ခံ​ကြ​သ​ဖြင့် ယော​ဟန်​သည်​ယော်​ဒန်​မြစ် တွင်​သူ​တို့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။

7 ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။-

8 အ​ကယ်​ပင်​နောင်​တ​ရ​ကြောင်း​ကို​သင်​တို့​၏ အ​ကျင့်​အား​ဖြင့်​ပြ​ကြ​လော့။-