မဿဲ 4:22-25 BCL

22 သူ​တို့​သည်​ချက်​ချင်း​ပင်​လှေ​နှင့်​ဖ​ခင်​ကို ထား​ခဲ့​၍​နောက်​တော်​သို့​လိုက်​ကြ​၏။

23 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-

24 ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-

25 ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရု​ရှ​လင် မြို့၊ ယု​ဒ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​မှ လူ​ပ​ရိ​သတ်​ကြီး​များ​သည်​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ကြ​ကုန်​၏။