မဿဲ 5:12-18 BCL

12 ``ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကောင်း​ကင်​ဘုံ​တွင် သင်​တို့​ခံ​စား​ရ​မည့်​အ​ကျိုး​သည်​ကြီး​လှ​ပေ​၏။ရှေး​ပ​ရော​ဖက်​တို့​ကို​ထို​နည်း​တူ​ညှဉ်း​ဆဲ​ကြ​ပြီ။

13 ``သင်​တို့​သည်​လော​က​၏​ဆား​သ​ဖွယ်​ဖြစ်​ကြ​၏။ ဆား​သည်​အ​ငန်​ကင်း​ပျောက်​သွား​လျှင် အ​ဘယ် သို့​ပြန်​၍​ငန်​အောင်​ပြု​လုပ်​နိုင်​ပါ​မည်​နည်း။ မည် သို့​မျှ​အ​သုံး​မ​ဝင်​တော့​ဘဲ​အ​ပြင်​သို့​ပစ်​လိုက် သ​ဖြင့်​လူ​တို့​ကျော်​နင်း​သွား​ကြ​၏။

14 ``သင်​တို့​သည်​လော​က​၏​အ​လင်း​သ​ဖွယ်​ဖြစ် ကြ​၏။ တောင်​ပေါ်​မှာ​တည်​ထား​သော​မြို့​ကို​ဖုံး ကွယ်​၍​မ​ထား​နိုင်။-

15 ဆီ​မီး​ကို​ထွန်း​ညှိ​၍​တင်း​တောင်း​ဖြင့်​အုပ်​၍​မ ထား​တတ်​ကြ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့ အ​လင်း​ရောင်​ရ​စေ​ရန်​ဆီ​မီး​ခုံ​ပေါ်​မှာ​သာ တင်​ထား​တတ်​ကြ​၏။-

16 ထို​နည်း​တူ​စွာ​လူ​တို့​သည်​သင်​တို့​၏​ကောင်း​သော အ​ကျင့်​ကို​မြင်​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဖ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​စေ​ရန် သင် တို့​၏​အ​လင်း​ကို​လူ​တို့​ရှေ့​၌​ထွန်း​လင်း​စေ​ကြ လော့။

17 ``ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​တို့​ကို​ဖျက် သိမ်း​ရန်​ငါ​လာ​သည်​ဟု​မ​ထင်​ကြ​နှင့်။ ဖျက်​သိမ်း ရန်​လာ​သည်​မ​ဟုတ်။ ထို​ကျမ်း​များ​တွင်​ဖော်​ပြ ပါ​ရှိ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​သာ​ငါ​လာ သ​တည်း။-

18 သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။-