19 အသေးငယ်ဆုံးသောပညတ်ကိုကူးလွန်၍ သူတစ်ပါးတို့ကူးလွန်ရန်ကိုလည်းဟောပြော သွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်အသိမ် ငယ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင်ပညတ်တော် များကိုလိုက်နာကျင့်သုံး၍ သူတစ်ပါးတို့လိုက်နာ ကျင့်သုံးရန်ကိုလည်းဟောပြောသွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သူဖြစ်လိမ့် မည်။-
20 ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။
21 ``လူ့အသက်ကိုမသတ်ရ။ သတ်သောသူသည် တရားသူကြီး၏ရှေ့မှောက်သို့ရောက်ရမည် ဟူသောပညတ်ကိုသင်တို့ကြားရလေပြီ။-
22 သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
23 သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊-
24 ပူဇော်သကာကိုထားခဲ့ပြီးလျှင်ထိုသူ၏ကျေ နပ်မှုကိုရယူလော့။ ထိုနောက်ပြန်၍သင်၏ပူဇော် သကာကိုဆက်သလော့။
25 ``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-