33 ``ထို့အပြင်`သင်သည်သစ္စာကတိကိုမဖျက်ရ။ ဘုရားသခင်၏ရှေ့တော်တွင်သင်ထားရှိသည့် သစ္စာကတိအတိုင်းဆောင်ရွက်ရမည်' ဟူသော ပညတ်ကိုသင်တို့ကြားသိရလေပြီ။-
34 သို့ရာတွင်သင်တို့သည်တစ်စုံတစ်ခုကိုကတိပြု သောအခါလုံးဝကျိန်ဆို၍မပြောကြနှင့်ဟု သင်တို့အားငါဆို၏။ ကောင်းကင်ဘုံကိုတိုင်တည် ၍မကျိန်ဆိုကြနှင့်။ ကောင်းကင်ဘုံသည်ဘုရား သခင်၏ပလ္လင်တော်ဖြစ်၏။-
35 ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ ယေရုရှလင်မြို့ကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ယေရုရှလင်မြို့သည်ဘုရင်မင်းမြတ်၏နေပြည် တော်ဖြစ်၏။-
36 မိမိ၏ဦးခေါင်းကိုတိုင်တည်၍လည်းမကျိန်ဆို ကြနှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ဆံပင် တစ်ပင်မျှကိုပင်ဖြူအောင်မတတ်နိုင်ကြသော ကြောင့်တည်း။-
37 သင်တို့သည် `ဟုတ်ပါသည်' သို့မဟုတ် `မဟုတ်ပါ' ဟူ၍သာပြောဆိုကြလော့။ ဤထက်ပိုသော စကားသည်မာရ်နတ်၏ထံမှရသောစကား ဖြစ်၏။
38 ``မျက်စိအစားမျက်စိ၊ သွားအစားသွားဟူ သောပညတ်ကိုသင်တို့ကြားသိရလေပြီ။-
39 သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-