45 သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။-
46 သင်တို့သည်မိမိတို့အားချစ်သောသူများကိုသာ ချစ်တုံ့ပြန်ပါမူ အဘယ်သို့လျှင်ဘုရားသခင်ထံ တော်မှကောင်းချီးကိုခံစားထိုက်ပါမည်နည်း။ အခွန် ခံသူများပင်လျှင်ဤသို့ပြုကြသည်မဟုတ်လော။-
47 ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။-
48 ကောင်းကင်ဘုံရှင်သင်တို့၏အဖသည်ကောင်းမြတ် စုံလင်တော်မူသကဲ့သို့သင်တို့သည်လည်းကောင်း မြတ်စုံလင်ကြလော့။