12 အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကိုအကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့၊အကျွန်ုပ်တို့၏ အပြစ်များကိုလည်းဖြေလွှတ်တော်မူပါ။
13 အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ'ဟူ၍ဆုတောင်းကြလော့။
14 ``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-
15 သို့ရာတွင်သင်တို့သည်သူတစ်ပါးတို့ပြစ်မှား သည့်အပြစ်များကိုမဖြေမလွှတ်ကြလျှင်မူ ကား သင်တို့အဖသည်လည်းသင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်။
16 ``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
17 သင်တို့သည်အစာရှောင်ကြသောအခါမျက်စိ ဖြင့်မတွေ့မမြင်နိုင်သော သင်တို့၏အဖမှလွဲ၍ အခြားမည်သူမျှမသိစေရန် မျက်နှာကိုသစ် ၍ဦးခေါင်းကိုဖြီးကြလော့။-
18 သင်တို့မထင်မရှားပြုသောအမှုကိုမြင်တော်မူ သောသင်တို့၏အဖသည် သင်တို့အားကောင်းချီး ပေးသနားတော်မူလိမ့်မည်။