မဿဲ 6:18-24 BCL

18 သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။

19 ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။-

20 သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။-

21 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ​သို့ သင်​တို့​၏​စိတ်​ရောက်​တတ်​သော​ကြောင့်​ဖြစ်​၏။

22 ``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။-

23 သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။

24 ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။