မဿဲ 6:8-14 BCL

8 သင်​တို့​မူ​ကား​ထို​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​၏​အ​ဖ​သည်​သင်​တို့​မ​တောင်း​မ​လျှောက် မီ​က​ပင် သင်​တို့​လို​သော​အ​ရာ​တို့​ကို​သိ​နှင့် ပြီး​ဖြစ်​တော်​မူ​၏။-

9 သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ`ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။

10 နိုင်​ငံ​တော်​တည်​ပါ​စေ​သော။အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။

11 ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။

12 အ​ကျွန်ုပ်​တို့​ကို​ပြစ်​မှား​သော​သူ​တို့​၏​အ​ပြစ်​များ​ကိုအ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့၊အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ​ပါ။

13 အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ'ဟူ​၍​ဆု​တောင်း​ကြ​လော့။

14 ``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-