မဿဲ 9:1-4 BCL

1 သ​ခင်​ယေ​ရှု​သည်​လှေ​ကို​စီး​၍​အိုင်​တစ်​ဖက်​သို့ ကူး​ပြီး​လျှင်​မိ​မိ​နေ​ရင်း​မြို့​သို့​ကြွ​တော်​မူ​၏။-

2 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

3 ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

4 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​တွေး​တော​ပုံ​ကို​သိ မြင်​တော်​မူ​သ​ဖြင့် ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​မှား​ယွင်း​စွာ​တွေး​တော​နေ​ကြ​သ​နည်း။-