ယာ​ကုပ် 1:16-22 BCL

16 ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။-

17 ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-

18 ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။

19 ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။-

20 လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။-

21 သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။

22 တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။-