ယာ​ကုပ် 1:9-15 BCL

9 ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။-

10 ချမ်း​သာ​ကြွယ်​ဝ​သော​ညီ​အစ်​ကို​သည်​မိ​မိ အား​ဘု​ရား​သ​ခင်​နိမ့်​ကျ​စေ​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​တော​ပန်း ကဲ့​သို့​ညှိုး​နွမ်း​ပျောက်​ပျက်​သွား​မည်​ဖြစ် သော​ကြောင့်​တည်း။-

11 နေ​ပူ​ရှိန်​သည်​အ​ပင်​ကို​ခြောက်​သွေ့​စေ​၍ အ​ပွင့်​ကို​ကြွေ​ကျ​စေ​၏။ သို့​ဖြစ်​၍​ယင်း​၏ တင့်​တယ်​လှ​ပ​မှု​သည်​ပျက်​စီး​ရ​သ​ကဲ့​သို့ ချမ်း​သာ​ကြွယ်​ဝ​သူ​သည် မိ​မိ​၏​အ​လုပ် အ​ကိုင်​ကို​ဆောင်​ရွက်​လျက်​နေ​စဉ်​ပျောက် ကွယ်​ရ​လိမ့်​မည်။

12 စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-

13 စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သူ​သည်`ငါ့​အား ဘု​ရား​သ​ခင်​စုံ​စမ်း​သွေး​ဆောင်​လျက်​နေ​သည်' ဟု​မ​ဆို​စေ​နှင့်။ မ​ကောင်း​မှု​သည်​ဘု​ရား​သ​ခင် အား​မ​သွေး​ဆောင်​နိုင်​ရာ။ ထို့​ပြင်​ကိုယ်​တော် တိုင်​အ​ဘယ်​သူ့​ကို​မျှ​စုံ​စမ်း​သွေး​ဆောင်​တော် မ​မူ။-

14 လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။-

15 ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။