ယု​ဒ 1:18-25 BCL

18 ``အ​ဆုံး​စွန်​သော​ကာ​လ​၌​သင်​တို့​ကို​ပြောင် လှောင်​သူ​များ၊ မိ​မိ​တို့​လို​အင်​ဆန္ဒ​ရှိ​သည့် အ​တိုင်း ဘု​ရား​မဲ့​ပြု​မူ​ကျင့်​ကြံ​သူ​များ ပေါ်​ပေါက်​လာ​လိမ့်​မည်'' ဟု​ယ​ခင်​က​သင် တို့​အား​ပြော​ကြား​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။-

19 ထို​သူ​တို့​သည်​အ​သင်း​တော်​တွင်​စိတ်​ဝမ်း ကွဲ​ပြား​စေ​သူ​များ မိ​မိ​တို့​န​ဂို​ဇာ​တိ​စိတ် အ​လို​သို့​လိုက်​သူ​များ၊ ဝိ​ညာဉ်​တော်​ကို မ​ရ​သူ​များ​ဖြစ်​ကြ​၏။-

20 သို့​ရာ​တွင်​ချစ်​ဆွေ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယုံ​ကြည်​ခြင်း အ​ပေါ်​အ​ခြေ​ပြု​၍ မိ​မိ​တို့​ကိုယ်​ကို​ကြီး​ပွား စေ​ကြ​လော့၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​တော်​ကို​အ​မှီ​ပြု​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-

21 ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​တွင်​ခို​လှုံ​ကြ လော့။ အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​ကို​ထောက်​၍ သင်​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​မည့်​နေ့​ရက် ကို​စောင့်​မျှော်​၍​နေ​ကြ​လော့။

22-23 ယုံ​မှား​သံ​သ​ယ​ဖြစ်​သူ​တို့​အား​က​ရု​ဏာ ထား​ကြ​လော့။ အ​ချို့​သော​သူ​တို့​ကို​မီး​ထဲ မှ​ကယ်​ဆယ်​ကြ​လော့။ အ​ချို့​သော​သူ​တို့​အား ကြောက်​စိတ်​ဖြင့်​သ​နား​က​ရု​ဏာ​ပြ​ကြ လော့။ ကာ​မ​ဂုဏ်​အ​ညစ်​အ​ကြေး​ဖြင့် စွန်း ကွက်​နေ​သည့်​သူ​တို့​၏​အ​ဝတ်​အ​စား​ကို မူ​ကား​စက်​ဆုပ်​ရွံ​ရှာ​ကြ​လော့။

24 သင်​တို့​မ​ပြို​မ​လဲ​ကြ​စေ​ရန် စောင့်​ရှောက်​တော် မူ​နိုင်​၍၊ သင်​တို့​အား​အ​ပြစ်​ကင်း​စင်​စေ​လျက် ရွှင်​လန်း​ဝမ်း​မြောက်​စွာ ဘုန်း​အ​သ​ရေ​ထွန်း တောက်​ရာ​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက်​ခွင့်​ကို ပေး​တော်​မူ​နိုင်​သော၊-

25 အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​ကယ်​တင်​တော်​မူ​သော၊ တစ်​ဆူ​တည်း သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မှ စ​၍​ယ​ခု​ကာ​လ​နှင့်​နောက်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာနု​ဘော် တော်၊ အ​စွမ်း​သတ္တိ​အာ​ဏာ​စက်​ရှိ​တော် မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​သြ​ဝါ​ဒ​စာ​ပြီး​၏။