29 ကိုယ်တော်သည်မည်သူ့ကိုမဆိုရွေးကောက်၍ ကောင်းချီးပေးတော်မူရန်ဆုံးဖြတ်တော်မူ ပြီးနောက်စိတ်သဘောပြောင်းလဲတော်မမူ တတ်။-
30 လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
31 ထိုနည်းတူဘုရားသခင်၏ကရုဏာတော် ကိုသင်တို့ခံစားကြရခြင်းကြောင့် ယုဒ အမျိုးသားတို့သည်ကရုဏာတော်ကိုမိမိ တို့လည်းခံစားရအံ့သောငှာ ဘုရားသခင် ၏စကားတော်ကိုယခုအခါမနာခံဘဲ နေကြ၏။-
32 လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။
33 ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-
34 ကျမ်းစာတော်က၊``အဘယ်သူသည်ထာဝရဘုရားရှင် အဘယ်သို့ စဉ်းစားဆင်ခြင်တော်မူသည်ကိုသိသနည်း။အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်သနည်း။
35 ကိုယ်တော်ကကျေးဇူးဆပ်တော်မူရအောင်အဘယ်သူသည်ကိုယ်တော်အားကျေးဇူးပြုဖူး သနည်း''ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-