ရော​မ 11:4-10 BCL

4 သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-

5 ယ​ခု​ကာ​လ​၌​လည်း​ဤ​နည်း​အ​တိုင်း​ပင်။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ရွေး​ကောက်​ခြင်း​ခံ ရ​သူ​လူ​အ​နည်း​ငယ်​ကျန်​ရှိ​၏။-

6 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။

7 ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။-

8 ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-

9 ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။

10 သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော''ဟု​မြွက်​ဆို​တော်​မူ​၏။