ရော​မ 12:7-13 BCL

7 အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။-

8 ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး​တို့​ကို အား​ပေး​နိုင်​စွမ်း​ဖြစ်​ပါ​က​အား​ပေး​ကြ​ရ​မည်။ ပေး​ကမ်း​ဝေ​မျှ​သူ​သည်​ရက်​ရော​စွာ​ပေး​ကမ်း ဝေ​မျှ​ရ​မည်။ အာ​ဏာ​ရှိ​သူ​သည်​လုံ့​လ​ထုတ်​၍ အ​လုပ်​လုပ်​ရ​မည်။ သူ​တစ်​ပါး​တို့​အား​သ​နား ကြင်​နာ​မ​စ​သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကူ​ညီ​မ​စ​ရ​မည်။

9 သင်​တို့​၏​မေတ္တာ​သည်​ဟန်​ဆောင်​မှု​နှင့်​လုံး​ဝ ကင်း​ရ​မည်။ သင်​တို့​သည်​ဆိုး​ညစ်​မှု​ကို​မုန်း ၍​ကောင်း​မြတ်​မှု​ကို​စွဲ​လမ်း​လော့။-

10 သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့်​တစ်​ဦး​ကို​တစ်​ဦး​ချစ်​ကြ​လော့။ တစ်​ဦး ကို​တစ်​ဦး​ချီး​မွမ်း​ရန်​လျင်​မြန်​ကြ​စေ။-

11 မ​ပျင်း​မ​ရိ​ဘဲ​အ​လုပ်​ကို​ကြိုး​စား​အား ထုတ်​လုပ်​ကိုင်​ကြ​လော့။ စိတ်​အား​ထက်​သန် စွာ​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ကြ​လော့။-

12 သင်​တို့​၌​မျှော်​လင့်​ချက်​ရှိ​သော​ကြောင့်​ဝမ်း မြောက်​ရွှင်​လန်း​ကြ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ သော​အ​ခါ​သည်း​ခံ​ကြ​လော့။ မ​ပြတ်​မ​လပ် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

13 ဆင်း​ရဲ​သော​တ​ပည့်​တော်​တို့​အား​ပေး​ကမ်း ကြ​လော့။ ဧည့်​သည်​ဝတ်​ကို​ပြု​ကြ​လော့။