ရော​မ 14:7-13 BCL

7 ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။-

8 ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။-

9 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-

10 ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။-

11 ကျမ်း​စာ​တော်​တွင်၊``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်းငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' ''ဟူ​၍​ဆို​သည်။-

12 သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။

13 ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-