ရော​မ 15:1-5 BCL

1 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-

2 ငါ​တို့​ရှိ​သ​မျှ​သည်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သော​ညီ​အစ်​ကို​များ​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​လာ စေ​ရန် သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍​သူ​တို့​၏ အ​လို​ကို​လိုက်​သင့်​၏။-

3 ``ကိုယ်​တော်​အား​လူ​တို့​စော်​ကား​ပြော​ဆို​ခြင်း သည်​အ​ကယ်​ပင်​အ​ကျွန်ုပ်​အား​စော်​ကား​ပြော​ဆို ခြင်း​ဖြစ်​ပါ​၏'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ ထား​သည့်​အ​တိုင်း​ခ​ရစ်​တော်​သည်​မိ​မိ​၏ အ​လို​တော်​ကို​လိုက်​တော်​မ​မူ။-

4 ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။-

5 သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။-