14 ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။-
15 သို့သော်ဤစာတွင်အချို့အမှုကိစ္စများနှင့် ပတ်သက်၍သင်တို့အားသတိပေးရာ၌ ငါ သည်ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကိုအကြောင်းပြု၍ရဲတင်း ပွင့်လင်းစွာရေးသားထား၏။-
16 ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
17 ထို့ကြောင့်ငါသည်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်လျက် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရွက်ရသည့်အတွက်ဂုဏ် ယူဝါကြွားနိုင်၏။-
18-19 လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
20 သူတစ်ပါးတို့ချခဲ့သည့်တိုက်မြစ်ပေါ်တွင် ငါမတည်မဆောက်လို။ ငါ၏ဆန္ဒမှာခရစ်တော် ၏အကြောင်းကိုမကြားဘူးသေးသောအရပ် တို့တွင်သတင်းကောင်းကိုကြေညာရန်ဖြစ် သည်။-
21 ကျမ်းစာတော်တွင်၊``ထိုသူ၏အကြောင်းကိုအဘယ်သူမျှ မပြောဘူးသော်လည်းသူတို့သည်မြင်ကြလိမ့်မည်။မကြားဘူးသောသူတို့သည်နားလည်ကြလိမ့်မည်''ဟုဖော်ပြပါရှိသည်အတိုင်းဖြစ်သည်။