4 ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
5 သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။-
6 သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
7 ထို့ကြောင့်ခရစ်တော်သည် သင်တို့ကိုလက်ခံ သကဲ့သို့ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန် သင်တို့သည်လည်းအချင်း ချင်းတစ်ယောက်ကိုတစ်ယောက်လက်ခံကြလော့။-
8-9 ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်''ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-
10 တစ်ဖန်ကျမ်းစာတော်တွင်၊``လူမျိုးခြားတို့၊ကိုယ်တော်၏လူစုတော်နှင့် အတူ ရွှင်လန်းဝမ်းမြောက်ကြလော့''ဟူ၍လည်းကောင်း၊
11 ``လူမျိုးခြားအပေါင်းတို့၊ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။လူမျိုးအပေါင်းတို့၊ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးကြလော့''ဟူ၍လည်းကောင်းဖော်ပြပါရှိ၏။-