12 လူအပေါင်းတို့သည်ကိုယ်တော်ကို ကျောခိုင်းသွားကြလေပြီ။သူတို့အားလုံးပင်လမ်းလွဲကြလေပြီ။အမှန်တရားကိုပြုကျင့်သူဟူ၍မရှိ။ တစ်ယောက်မျှမရှိ။
13 သူတို့သည်ကြောက်မက်ဖွယ်ကောင်းသော စကားများကိုပြောဆိုကြ၏။သူတို့သည်မိမိတို့လျှာဖြင့်လိမ်လည်လှည့် စားကြ၏။မြွေဆိုးကဲ့သို့သူတို့၏နှုတ်ခမ်းတွင် အဆိပ်အတောက်ရှိ၏။
14 သူတို့၏ခံတွင်းသည်ခါးသီးစွာကျိန်စာ သင့်သော စကားနှင့်ပြည့်ဝလျက်ရှိ၏။
15 သူတို့သည်လူ့အသက်ကိုသတ်ရန်လက်မနှေး ကြ။
16 သူတို့ရောက်လေရာတွင်သူတို့လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးမှုရှိ၏။
17 သူတို့သည်ငြိမ်းချမ်းရေးလမ်းစဉ်ကို အဘယ်အခါ၌မျှမလိုက်ကြ။
18 သူတို့တွင်ဘုရားသခင်အားကြောက်ရွံ့သော စိတ်မရှိကြ''ဟူ၍ပါရှိသည့်အတိုင်းဖြစ်သတည်း။