10 သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။-
11 ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။
12 ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
13 သင်တို့ကိုယ်အင်္ဂါများကိုလည်းဒုစရိုက်အတွက် အသုံးမပြုကြနှင့်။ ယင်းသို့ပြုမည့်အစား သင်တို့သည်သေရာမှရှင်ပြန်သူများအဖြစ် ဖြင့်လည်းကောင်း၊ သုစရိုက်အတွက်အသုံးတော် ခံရန်လည်းကောင်း၊ မိမိတို့ကိုယ်ကိုဘုရား သခင်အားဆက်သကြလော့။-
14 အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
15 သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။-
16 လူတစ်စုံတစ်ယောက်၏စေစားမှုကိုခံသော သူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။ အကယ်၍သင်တို့သည် အပြစ်တရား၏စေစားမှုကိုခံကြပါမူ သင် တို့ခံစားရမည့်အကျိုးဆက်ကားသေခြင်း ပင်ဖြစ်၏။ အကယ်၍သင်တို့သည်ဘုရားသခင် ၏စကားကိုနာခံကြမည်ဆိုပါကကိုယ်တော် နှင့်မှန်ကန်စွာဆက်သွယ်မှုကိုရရှိကြလိမ့်မည်။-