34 သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။-
35 သို့ဖြစ်၍အဘယ်သူသည်ငါတို့အားခရစ် တော်၏မေတ္တာတော်နှင့်ကွဲကွာစေနိုင်မည်နည်း။ ဒုက္ခရောက်ခြင်း၊ ကျဉ်းကျပ်ခြင်း၊ အညှဉ်းပန်း ခံရခြင်း၊ ငတ်မွတ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နှင့်တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း တို့သည်ကိုယ်တော်၏မေတ္တာတော်နှင့်ငါတို့ကို ကွဲကွာစေနိုင်မည်လော။
36 ``ကိုယ်တော်၏အတွက်အကျွန်ုပ်တို့သည်တစ်နေ့လုံးပင်သေဘေးနှင့်ရင်ဆိုင်လျက် နေကြပါ၏။သတ်ရန်လျာထားသောသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြပါ၏'' ဟူသောကျမ်းစကားအတိုင်းဖြစ်ပေသည်။-
37 မကွဲမကွာစေသည်သာမကငါတို့သည်ထို အတွေ့အကြုံခပ်သိမ်းတို့နှင့်ဆိုင်ရာတွင် ငါ တို့ကိုချစ်တော်မူသောအရှင်အားဖြင့်အထူး အောင်မြင်လျက်ရှိကြ၏။-
38 အဘယ်ကြောင့်ဆိုသော်မည်သည့်အရာမျှငါ တို့အားကိုယ်တော်၏မေတ္တာတော်နှင့်မကွဲမကွာ စေနိုင်။ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ ကောင်းကင်အာဏာ ပိုင်ဖြစ်စေ၊ ပစ္စုပ္ပန်အရာဖြစ်စေ၊ အနာဂတ် အရာဖြစ်စေ၊-