ရှင်မာကု 1:37-43-44 BCL

37 တွေ့​သော​အ​ခါ ``ကိုယ်​တော်​ကို​လူ​အ​ပေါင်း​တို့ ရှာ​နေ​ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

38 ကိုယ်​တော်​က ``အ​နီး​အ​နား​ရှိ​ရွာ​များ​သို့​သွား​ကြ ကုန်​စို့။ ထို​ရွာ​များ​တွင်​လည်း​ငါ​တ​ရား​ဟော​ရ​မည်။ ထို့​ကြောင့်​ငါ​ကြွ​လာ​ခဲ့​ခြင်း​ဖြစ်​သည်'' ဟု​တ​ပည့် တော်​တို့​အား​မိန့်​တော်​မူ​၏။

39 ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး လှည့်​လည်​တော်​မူ​၍ တ​ရား​ဇ​ရပ်​များ​တွင်​တ​ရား ဟော​တော်​မူ​၏။ ထို့​အ​ပြင်​နတ်​မိစ္ဆာ​များ​ကို​နှင် ထုတ်​တော်​မူ​၏။

40 အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​တစ်​ယောက်​သည် ကိုယ်​တော်​၏​ရှေ့​မှောက်​သို့​လာ​ရောက်​ဒူး​ထောက် ၍ ``အ​ရှင်​အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​ကို​ရော​ဂါ မှ​သန့်​စင်​စေ​နိုင်​ပါ​သည်'' ဟု​လျှောက်​ထား တောင်း​ပန်​၏။

41 ကိုယ်​တော်​သည်​သ​နား​တော်​မူ​သ​ဖြင့် လက်​တော်​ကို ဆန့်​၍​ထို​သူ့​ကို​တို့​ထိ​တော်​မူ​၏။ ``ငါ​အ​လို​ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​၏။-

42 မိန့်​တော်​မူ​သည့်​ခ​ဏ​၌ ထို​သူ​သည်​ရော​ဂါ​ပျောက် ၍​သန့်​စင်​သွား​လေ​သည်။-

43-44 ချက်​ချင်း​ပင်​သ​ခင်​ယေ​ရှု​သည်​ထို​သူ​အား ``ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​မည်​သူ့​အား​မျှ မ​ပြော​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​မူ​သွား​၍​သင်​၏ ကိုယ်​ကို​ပြ​လော့။ သင်​သန့်​စင်​သွား​သည့်​အ​တွက် လူ​တို့​ရှေ့​တွင်​သက်​သေ​ပြ​ရန် မော​ရှေ​မိန့်​မှာ​သည့် ပူ​ဇော်​သကာ​ကို​ဆက်​သ​လော့'' ဟု​ကြပ်​တည်း​စွာ သ​တိ​ပေး​၍​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။