ရှင်မာကု 1:5-11 BCL

5 ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​ကျေး​လက်​တော​ရွာ တို့​မှ လူ​အ​ပေါင်း​တို့​သည်​ယော​ဟန်​ထံ​သို့​သွား​ကြ ကုန်​၏။ မိ​မိ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ယော်​ဒန်​မြစ်​တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ​၏။

6 ယော​ဟန်​သည်​ကု​လား​အုပ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​ထား​၏။ သား​ရေ​ခါး​ပန်း​ကို​စည်း​ထား​၏။ ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ကို​မှီ​ဝဲ​၏။-

7 သူ​က ``ငါ့​ထက်​ကြီး​မြတ်​သော​အ​ရှင်​သည် ငါ​၏ နောက်​တွင်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင် ၏​ဖိ​နပ်​ကြိုး​ကို​မျှ​ငုံ့​၍​မ​ဖြည်​ထိုက်။-

8 ငါ​သည်​သင်​တို့​အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။ ထို​အ​ရှင်​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့'' ဟု လူ​တို့​အား​ဟော​ပြော​လေ​သည်။

9 ထို​နောက်​များ​မ​ကြာ​မီ​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​မှ​ကြွ​လာ​တော်​မူ​၍ ယော်​ဒန်​မြစ် တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​တော်​မူ​သည်။-

10 ရေ​မှ​တက်​တော်​မူ​စဉ်​မိုး​ကောင်း​ကင်​ကွဲ​ဟ​၍ မိ​မိ အ​ပေါ်​သို့​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ဆင်း​သက်​သည်​ကို​မြင်​တော်​မူ​၏။-

11 ကောင်း​ကင်​မှ​လည်း ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး ရာ ငါ​၏​ချစ်​သာ၈​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက် ပေါ်​လာ​၏။