ရှင်မာကု 10:1-4 BCL

1 ထို​နောက်​ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော် မူ​၍ ယု​ဒ​ပြည်​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ယော်​ဒန် မြစ်​ကို​ကူး​တော်​မူ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​အ​ထံ တော်​သို့​တစ်​ဖန်​လာ​ရောက်​စု​ရုံး​ကြ​ပြန်​၏။ ကိုယ်​တော် သည်​အ​လေ့​တော်​ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ဟော ပြော​သွန်​သင်​တော်​မူ​၏။

2 ထို​အ​ခါ​ဖာ​ရိ​ရှဲ​တို့​သည်​အ​ထံ​တော်​သို့​လာ ၍ ``လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​မ​ယား​နှင့် ကွာ​ရှင်း​အပ်​ပါ​သ​လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍ မေး​လျှောက်​ကြ​၏။

3 ကိုယ်​တော်​က ``မော​ရှေ​သည်​သင်​တို့​အား​မည်​သို့ ပ​ညတ်​သ​နည်း'' ဟု​ပြန်​၍​မေး​တော်​မူ​၏။

4 သူ​တို့​က ``မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန် မော​ရှေ​ခွင့်​ပြု​ပါ​သည်'' ဟု​ဖြေ​ကြား​ကြ​၏။