ရှင်မာကု 10:12-18 BCL

12 ထို​မှ​တစ်​ပါး​မိ​မိ​ခင်​ပွန်း​ကို​ကွာ​၍ အ​ခြား အ​မျိုး​သား​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​ခင်​ပွန်း​၏​အိမ်​ရာ ကို​ပြစ်​မှား​၏'' ဟု​မိန့်​တော်​မူ​၏။

13 လူ​အ​ချို့​တို့​သည်​က​လေး​သူ​ငယ်​များ​အ​ပေါ် လက်​တော်​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​စေ​ရန် အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​တ​ပည့် တော်​တို့​သည်​ထို​သူ​တို့​ကို​အ​ပြစ်​တင်​ကြ​၏။-

14 သ​ခင်​ယေ​ရှု​သည်​ထို​အ​ခြင်း​အ​ရာ​ကို​မြင်​တော် မူ​လျှင် အ​မျက်​ထွက်​တော်​မူ​၍ ``က​လေး​သူ​ငယ်​တို့ ကို​ငါ့​ထံ​သို့​လာ​ကြ​ပါ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​ထို​သို့​သော သူ​တို့​၏​နိုင်​ငံ​ဖြစ်​၏။-

15 အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​က​လေး​သူ​ငယ် နည်း​တူ ဘု​ရား​သ​ခင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ကို လက်​မ​ခံ​သော​သူ​သည် နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-

16 ထို​နောက်​ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တို့ ကို​ချီ​ပွေ့​တော်​မူ​လျက် သူ​တို့​အ​ပေါ်​တွင်​လက် တော်​ကို​တင်​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။

17 သ​ခင်​ယေ​ရှု​သည်​ခ​ရီး​ပြု​ရန်​ထွက်​တော်​မူ​စဉ် လူ​တစ်​ယောက်​သည်​အ​ထံ​တော်​သို့​ပြေး​လာ​ပြီး လျှင်​ရှေ့​တော်​၌​ဒူး​ထောက်​လျက် ``ကောင်း​မြတ် တော်​မူ​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို​ရ​အံ့ သော​ငှာ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​လျှောက်​၏။

18 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့် ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ဆို​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။-