ရှင်မာကု 10:18-24 BCL

18 သ​ခင်​ယေ​ရှု​က ``သင်​သည်​အ​ဘယ်​ကြောင့် ငါ့ ကို​ကောင်း​မြတ်​သည်​ဟု​ဆို​သ​နည်း။ ဘု​ရား သ​ခင်​မှ​တစ်​ပါး​ကောင်း​မြတ်​သူ​တစ်​စုံ​တစ် ယောက်​မျှ​မ​ရှိ။-

19 သူ့​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်၊ သူ့​ဥစ္စာ​ကို​မ​ခိုး နှင့်၊ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​နှင့်၊ လိမ်​လည် လှည့်​စား​မှု​ကို​မ​ပြု​နှင့်၊ မိ​ဘ​ကို​ရို​သေ​မြတ် နိုး​လော့​ဟူ​သော​ပ​ညတ်​တော်​များ​ကို​သင်​သိ သည်​မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။

20 ထို​သူ​က ``ဆ​ရာ​တော်၊ ဤ​ပ​ညတ်​များ​ကို​အ​ကျွန်ုပ် သည်​ငယ်​စဉ်​မှ​စ​၍​စောင့်​ထိန်း​ခဲ့​ပါ​ပြီ'' ဟု​ပြန် လည်​လျှောက်​ထား​၏။

21 သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

22 ထို​သူ​ကား​ဥစ္စာ​ပစ္စည်း​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​၍​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက် ထွက်​ခွာ​သွား​လေ​၏။

23 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​နောက် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏'' ဟု မိန့်​တော်​မူ​၏။

24 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-