ရှင်မာကု 10:21-27 BCL

21 သ​ခင်​ယေ​ရှု​သည်​ထို​သူ​ကို​မေတ္တာ​ဖြင့်​စေ့​စေ့​ကြည့် လျက် ``သင့်​မှာ​လို​နေ​သော​အ​ရာ​တစ်​ခု​ရှိ​သေး​၏။ သွား​လော့။ သင်​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင် သင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​စွန့်​ကြဲ​ပြီး​မှ​လာ​၍​ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-

22 ထို​သူ​ကား​ဥစ္စာ​ပစ္စည်း​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ် သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​၍​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လျက် ထွက်​ခွာ​သွား​လေ​၏။

23 သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​နောက် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏'' ဟု မိန့်​တော်​မူ​၏။

24 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-

25 အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန် လွယ်​ကောင်း လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဥစ္စာ ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ်'' ဟု​မိန့်​တော် မူ​၏။

26 တ​ပည့်​တော်​တို့​သည်​အံ့​သြ​တွေ​ဝေ​ကြ​လျက် ``ဤ သို့​ဖြစ်​ဘိ​မူ၊ အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို ရ​နိုင်​ပါ​မည်​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။

27 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​စေ့​စေ့​ကြည့်​တော်​မူ ၍ ``ဤ​အ​မှု​ကို​လူ​မ​တတ်​နိုင်​သော်​လည်း​ဘု​ရား သ​ခင်​တတ်​နိုင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။