ရှင်မာကု 10:24-30 BCL

24 တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-

25 အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန် လွယ်​ကောင်း လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​ဥစ္စာ ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ်'' ဟု​မိန့်​တော် မူ​၏။

26 တ​ပည့်​တော်​တို့​သည်​အံ့​သြ​တွေ​ဝေ​ကြ​လျက် ``ဤ သို့​ဖြစ်​ဘိ​မူ၊ အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို ရ​နိုင်​ပါ​မည်​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို ကြ​၏။

27 သ​ခင်​ယေ​ရှု​သည်​သူ​တို့​ကို​စေ့​စေ့​ကြည့်​တော်​မူ ၍ ``ဤ​အ​မှု​ကို​လူ​မ​တတ်​နိုင်​သော်​လည်း​ဘု​ရား သ​ခင်​တတ်​နိုင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

28 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​တို့​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက်​သို့​လိုက်​ခဲ့ ကြ​ပါ​ပြီ'' ဟု​ကိုယ်​တော်​အား​လျှောက်​ထား​၏။

29 သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား ငါ့​အ​တွက်​လည်း​ကောင်း၊ ဧဝံ​ဂေ​လိ​တရား​အတွက် လည်း​ကောင်း၊ အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​ကို​စွန့်​သော​သူ​သည်၊-

30 ဤ​ဘ​ဝ​၌​ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ​အ​ဆ​တစ်​ရာ မျှ​သော အိမ်၊ မြေ၊ ညီ​အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား သ​မီး​များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို့​ပြင်​နောင်​ဘ​ဝ ၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်။-