ရှင်မာကု 10:34-40 BCL

34 လူ​မျိုး​ခြား​တို့​သည်​လူ​သား​အား​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။ ကြိမ်​ဒဏ်​ပေး​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက် ကြာ​သော​အ​ခါ​လူ​သား​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

35 ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။

36 ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

37 သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။

38 သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

39 သူ​တို့​က ``အ​ကျွန်ုပ်​တို့​တတ်​စွမ်း​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ​သောက်​ရ​မည့် ခွက်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ ကို​လည်း​ခံ​ရ​ကြ​လိမ့်​မည်။-

40 သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ် ကို​မူ ငါ​သည်​မ​ပေး​ပိုင်။ ဤ​အ​ခွင့်​အ​ရေး​များ သည်​ဘု​ရား​သ​ခင်​စီ​မံ​ပြင်​ဆင်​ထား​သူ​များ အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။