ရှင်မာကု 10:4-10 BCL

4 သူ​တို့​က ``မ​ယား​ကို​ဖြတ်​စာ​နှင့်​ကွာ​ရှင်း​ရန် မော​ရှေ​ခွင့်​ပြု​ပါ​သည်'' ဟု​ဖြေ​ကြား​ကြ​၏။

5 သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အ​ပြော​ရ​ခက်​သူ များ​ဖြစ်​၍ မော​ရှေ​သည်​ဤ​ပ​ညတ်​ကို​ရေး​သား ထား​ခဲ့​ခြင်း​ဖြစ်​၏။-

6 လော​က​ကို​ဖန်​ဆင်း​တော်​မူ​စ​က​ပင်​ဘု​ရား သ​ခင်​သည် ယောကျာ်း​နှင့်​မိန်း​မ​ကို​ဖန်​ဆင်း​တော် မူ​၏။-

7 ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​ကိုယ့်​မိ​ဘ​ကို စွန့်​၍ မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း​နေ​ထိုင်​လိမ့်​မည်။-

8 ထို​သူ​နှစ်​ဦး​တို့​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လာ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည်​နှစ် ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်​၏။-

9 ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ မ​ခွာ​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

10 တ​ပည့်​တော်​တို့​သည်​အိမ်​သို့​ပြန်​ရောက်​ကြ သော​အ​ခါ ဤ​အ​ကြောင်း​အ​ရာ​ကို​ထပ်​မံ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-