ရှင်မာကု 10:42-48 BCL

42 ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။-

43 သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။-

44 အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​လူ​ခပ်​သိမ်း တို့​၏​ကျွန်​ဖြစ်​ရ​မည်။-

45 လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။

46 ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရိ​ခေါ မြို့​သို့​ရောက်​ကြ​ပြီး​နောက် လူ​ပ​ရိ​သတ်​ကြီး နှင့်​အ​တူ​ထို​မြို့​မှ​ထွက်​ခွာ​ကြ​၏။ ယင်း​သို့ ထွက်​ခွာ​ချိန်​၌​တိ​မဲ​၏​သား​ဗာ​တိ​မဲ​ဆို​သူ မျက်​မ​မြင်​သူ​တောင်း​စား​တစ်​ယောက်​သည် လမ်း​အ​နီး​တွင်​ထိုင်​လျက်​နေ​၏။-

47 သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။

48 လူ​တို့​က​သူ့​အား​ဆိတ်​ဆိတ်​နေ​ရန်​ငေါက်​ငမ်း ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​သည် ``ဒါ​ဝိဒ် ၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော် မူ​ပါ'' ဟု​ပို​၍​ပင်​ဟစ်​အော်​လေ​၏။