ရှင်မာကု 10:6-12 BCL

6 လော​က​ကို​ဖန်​ဆင်း​တော်​မူ​စ​က​ပင်​ဘု​ရား သ​ခင်​သည် ယောကျာ်း​နှင့်​မိန်း​မ​ကို​ဖန်​ဆင်း​တော် မူ​၏။-

7 ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​ကိုယ့်​မိ​ဘ​ကို စွန့်​၍ မိ​မိ​ဇ​နီး​နှင့်​ပေါင်း​သင်း​နေ​ထိုင်​လိမ့်​မည်။-

8 ထို​သူ​နှစ်​ဦး​တို့​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လာ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည်​နှစ် ဦး​မ​ဟုတ်၊ တစ်​ဦး​တည်း​ဖြစ်​၏။-

9 ဘု​ရား​သ​ခင်​စုံ​ဖက်​ပေး​သည်​ကို​လူ​မ​ခွဲ မ​ခွာ​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

10 တ​ပည့်​တော်​တို့​သည်​အိမ်​သို့​ပြန်​ရောက်​ကြ သော​အ​ခါ ဤ​အ​ကြောင်း​အ​ရာ​ကို​ထပ်​မံ​၍ ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။-

11 ကိုယ်​တော်​က ``မိ​မိ​ဇ​နီး​ကို​ကွာ​၍​အ​ခြား အ​မျိုး​သ​မီး​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု သူ​သည် မိ​မိ​ဇ​နီး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။-

12 ထို​မှ​တစ်​ပါး​မိ​မိ​ခင်​ပွန်း​ကို​ကွာ​၍ အ​ခြား အ​မျိုး​သား​တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​ခင်​ပွန်း​၏​အိမ်​ရာ ကို​ပြစ်​မှား​၏'' ဟု​မိန့်​တော်​မူ​၏။