11 သခင်ယေရှုသည်ယေရုရှလင်မြို့သို့ရောက်တော် မူသောအခါ ဗိမာန်တော်သို့ဝင်တော်မူ၍ခပ်သိမ်း သောအရာတို့ကိုလှည့်လည်ကြည့်ရှုတော်မူ၏။ ထို နောက်နေဝင်ခါနီးပြီဖြစ်သဖြင့် တပည့်တော်တစ် ဆယ့်နှစ်ဦးနှင့်အတူဗေသနိရွာသို့ကြွတော် မူ၏။
12 နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့ သည် ဗေသနိရွာမှပြန်လာကြစဉ်ကိုယ်တော် သည်ဆာလောင်မွတ်သိပ်တော်မူ၏။-
13 အရွက်ဝေဆာလျက်ရှိသောသင်္ဘောသဖန်းပင် ကိုအဝေးကမြင်တော်မူလျှင် အသီးတွေ့လို တွေ့ငြားအပင်အနီးသို့ချဉ်းကပ်တော်မူ၏။ သဖန်းသီးပေါ်ချိန်မဟုတ်၍အပင်ပေါ်တွင် အရွက်များသာတွေ့တော်မူ၏။-
14 ထိုအခါကိုယ်တော်က ``နောင်အစဉ်အဆက် သင်၏အသီးကိုအဘယ်သူမျှမစားစေရ'' ဟုသင်္ဘောသဖန်းပင်အားမိန့်တော်မူ၏။ထိုသို့မိန့်တော်မူသည်ကိုတပည့်တော်တို့ ကြားကြ၏။
15 ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။-
16 ဗိမာန်တော်ကိုဖြတ်၍ကုန်ပစ္စည်းသယ်ဆောင် ရန် မည်သူ့ကိုမျှခွင့်ပြုတော်မမူ။-
17 ကိုယ်တော်က `` `ငါ၏အိမ်တော်ကိုလူမျိုးတကာတို့ ဆုတောင်းရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့' ဟုကျမ်း စာလာသည်မဟုတ်လော။ သို့ရာတွင်သင်တို့သည် ထိုအိမ်တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြ ပြီတကား'' ဟုလူတို့အားဆုံးမသွန်သင်တော် မူ၏။