15 ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင်မြို့ သို့ရောက်ကြသောအခါ ကိုယ်တော်သည်ဗိမာန်တော် သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှာရောင်းဝယ်နေ သူတို့ကိုနှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့်ချိုးငှက်ရောင်းသူများ၏ထိုင်ခုံများ ကိုမှောက်လှန်ပစ်တော်မူ၏။-
16 ဗိမာန်တော်ကိုဖြတ်၍ကုန်ပစ္စည်းသယ်ဆောင် ရန် မည်သူ့ကိုမျှခွင့်ပြုတော်မမူ။-
17 ကိုယ်တော်က `` `ငါ၏အိမ်တော်ကိုလူမျိုးတကာတို့ ဆုတောင်းရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့' ဟုကျမ်း စာလာသည်မဟုတ်လော။ သို့ရာတွင်သင်တို့သည် ထိုအိမ်တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြ ပြီတကား'' ဟုလူတို့အားဆုံးမသွန်သင်တော် မူ၏။
18 ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
19 နေစောင်းလာသောအခါကိုယ်တော်နှင့်တပည့် တော်တို့သည်မြို့မှထွက်သွားကြ၏။
20 နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။-
21 ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။