ရှင်မာကု 11:28-33 BCL

28 ``အ​ရှင်​သည်​ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ပြု​တော်​မူ​ပါ​သ​နည်း။ ထို အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့်​အား​အ​ဘယ်​သူ​အပ် နှင်း​ပါ​သ​နည်း'' ဟု​လျှောက်​ထား​မေး​မြန်း ကြ​၏။

29 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​တစ်​ခု​မေး​မည်။ သင်​တို့​ဖြေ​ပြီး​မှ​ဤ​အ​မှု​အ​ရာ​များ​ကို အ​ဘယ် အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ပြော​မည်။-

30 ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ယော​ဟန်​ပေး​သည်​မှာ​ဘု​ရား သ​ခင်​၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော။ လူ​တို့​၏ အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

31 သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင်​ယော​ဟန်​ကို​သင် တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း​ဟု မေး​လိမ့်​မည်။-

32 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-

33 သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု သ​ခင်​ယေ​ရှု​အား​ပြန်​လည်​လျှောက်​ထား​ကြ​၏။ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ထို​နည်း​တူ​ဤ​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ငါ​ပြု သည်​ကို​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။