ရှင်မာကု 13:4-10 BCL

4 ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​အန္ဒြေ-တို့​သည် ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​ရာ​များ သည်​အ​ဘယ်​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​အ​ဘယ် နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ် တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​မေး​လျှောက်​ကြ​၏။

5 သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​သူ​တစ်​ပါး မ​လှည့်​စား​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

6 လူ​အ​များ​ပင်​ငါ​၏​အ​ယောင်​ဆောင်​လျက်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မေ​ရှိ​ယ​ဖြစ်​သည်​ဟု ဆို​၍​လူ​အ​များ​ကို​လှည့်​ဖြား​ကြ​လိမ့်​မည်။-

7 သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​သော​အ​ခါ မ​ထိတ်​မ​လန့်​ကြ နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​မု​ချ​ဖြစ်​ပျက် ရ​မည်။ သို့​သော်​လည်း​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ကျ​သေး။-

8 လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။''

9 ``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။-

10 ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။-