30 သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။
31 သို့ရာတွင်ပေတရုက ``အကျွန်ုပ်သည်အရှင် နှင့်အတူပင်သေရသော်လည်း အရှင့်ကိုမသိ ဟုငြင်းဆိုမည်မဟုတ်ပါ'' ဟုအလေးအနက် လျှောက်ထား၏။အခြားတပည့်တော်တို့သည်လည်း ဤနည်း အတိုင်းလျှောက်ထားကြ၏။
32 ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂေသရှေမန် ဟုနာမည်တွင်သောအရပ်သို့ရောက်ကြ၏။ ကိုယ် တော်သည် ``ငါဆုတောင်းနေစဉ်သင်တို့ဤနေရာ ၌ထိုင်နေကြလော့'' ဟုတပည့်တော်တို့အားမှာ ကြားပြီးနောက်၊-
33 ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊-
34 ``ငါသည်သေလုနီးပါးစိတ်ဒုက္ခရောက်လှ၏။ သင်တို့ဤအရပ်တွင်သတိနှင့်စောင့်နေကြ လော့'' ဟုတပည့်တော်တို့သုံးဦးတို့အားမိန့် တော်မူ၏။
35-36 ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။
37 ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ သူတို့အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူ၏။ သို့ဖြစ်၍ကိုယ်တော် က ``ရှိမုန်၊ သင်သည်အိပ်ပျော်နေသလော။ မအိပ်ဘဲ တစ်နာရီမျှပင်စောင့်၍မနေနိုင်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။-