51 ပိတ်ပိုင်းလွှာတစ်ခုကိုသာဝတ်ထားသည့်လူငယ် လူရွယ်တစ်ယောက်သည် ကိုယ်တော်၏နောက်တော် ကလိုက်လာ၏။ လူအချို့တို့သည်သူ့ကိုဖမ်း ဆီးမည်ပြုကြသောအခါ၊-
52 သူသည်ပိတ်ပိုင်းလွှာကိုစွန့်၍အဝတ်မပါဘဲ ထွက်ပြေးလေ၏။
53 ထိုသူတို့သည်သခင်ယေရှုကို ယဇ်ပုရောဟိတ် မင်း၏ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ဘာသာရေးခေါင်း ဆောင်များနှင့်ကျမ်းတတ်ဆရာများသည် ထိုကျောင်းတော်တွင်စုရုံးလျက်ရှိနေကြ သည်။-
54 ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။-
55 ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။-
56 လူအများပင်လိမ်လည်သက်သေခံကြ၏။ သို့ရာတွင်သူတို့၏ထွက်ဆိုချက်များကိုက် ညီမှုမရှိ။
57-58 လူအချို့တို့သည်ထ၍ ``လူ့လက်ဖြင့်တည်ဆောက် သော ဤဗိမာန်ကိုငါဖြိုဖျက်မည်။ ထိုနောက်သုံးရက် ကြာသောအခါ လူ့လက်ဖြင့်မတည်မဆောက်သည့် ဗိမာန်တော်ကိုငါတည်ဆောက်မည်ဟု သူပြောဆို သည်ကိုအကျွန်ုပ်တို့ကိုယ်တိုင်ကြားပါသည်'' ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။-